ကျွန်တော် ဒီကိစ္စကို စဉ်းစားနေတာပါ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို စောင့်နေတာတဲ့။ ဘာအတွက် ဘာကို စောင့်တာလဲဆိုတာ ကျွန်တော် တကယ်ပဲ နားမလည်တာပါ။ တစ်ချို့က ပြောတာတော့ ကုလသမ္မဂ္ဂရဲ့ တရားဝင် အစိုးရဖြစ်အောင်လို့တဲ့။ ကျွန်တော်တို့ လူမျိုးက ပြည်ပအားကိုးတဲ့လူတွေမှ မဟုတ်တာ။ စစ်တပ်ဆို ပိုတောင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသေးတယ်။ စစ်သားကွ ပစ်ရင်မှန်အောင်ပစ်တယ်တဲ့။ ကိုယ့်ပြည်သူတောင် ပစ်ရက်တဲ့ ဒီလောက် စိတ်ကြီးတဲ့ စစ်ဗိုလ်ချုပ်တွေက ပြည်ပက လက်ခံချင်အောင်ဘာလို့ လုပ်နေတာလဲ။ (ပြည်သူကို သတ်ပြီး ပြည်ပကို တိတ်တိတ်ကျိတ်အားကိုးနေတာတော့ မဖြစ်နိုင်ဘူး။ သတင်းစာထဲမှာ အတည်အလင်းပြောပြောနေတာပဲ)
ကိုယ့်တိုင်းပြည် မှာ ပြည်သူတွေစားဝတ်နေရေး ဖူုလုံရေး၊ ကျန်းမာရေး နှင့် ပညာရည် မြင့်မားရေး၊ စိတ်ဓါတ်မြင့်မားရေးတို့ကို ဆောင်ရွက်ဖို့က အဓိက မဟုတ်ဘူးလား။ စစ်အစိုးရက ဘယ်သူ အသိအမှတ်ပြုတာကို မကြည့်ပဲ တိုင်းပြည်ကို အုပ်ချုပ်လာတာ နှစ် ၂၀ တောင်ရှိပြီပဲ။ ဘာလို့ အခုမှ သူများ အသိအမှတ်ပြုတာခံချင်ရတာလဲ ဆိုတာ စဉ်းစားလို့မရဘူး။ နောက်ပြီး အခုအုပ်ချုပ်နေတဲ့ အဖွဲ့ ထဲမှာလဲ အတိုက်အခံပါတီက ခေါင်းဆောင် တစ်ယောက်မှလဲ မပါဘူး။ ၂၀၁၀ မှာလဲ ပါမှာမှမဟုတ်တာ။ အဲဒီတော့ ဘာများထူးထူးခြားခြားရှိလို့လဲ။ အဓိက က ကိုယ့်တိုင်းပြည် ပြည့်စုံအောင် လုပ်ဖို့ပဲ မဟုတ်လား။ ၂၀၁၀ ထိမစောင့်ပဲ အခုလုပ်လို့ မရဘူးလား။ တကယ်ဆို ဟိုး အစကတည်းက လုပ်သင့်တာ။ ဟ အုပ်ချုပ်ရေးပညာ ဆိုတာ ခင်ဗျားတို့ ဘေးထိုင်ပြောသလို လွယ်တယ်များ ထင်နေလား လို့တော့ ပြန်မပြောနဲ့။ အရမ်း ခက်ခဲတဲ့ပညာတခုဆိုတာ သိလို့လဲ တစ်အုပ်စုချင်းရဲ့ ဥာဏ်နဲ့တော့ နောင်နှစ်တွေသာ ကုန်သွားမယ် မတိုးတက်နိုင်ဘူးလို့ ပြောနေတာပါ။ ဒါကြောင့်လဲ အားလုံးစုပေါင်းပြီး ဆွေးနွေး အဖြေရှာရင် ပိုကောင်းမယ်လို့ အားလုံးက ၀ိုင်းပြောနေတာပါ။ စစ်တပ်ကိုလက်နက်ချပြီး နေရာက ဖယ်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး။ အခုလက်ရှိ စစ်အစိုးရ လက်ထဲမှာ တိုင်းပြည်ရှိနေပြီပဲ ဘာလို့ ၂၀၁၀ ကို စောင့်နေတာလဲ။
Thursday, August 28, 2008
Subscribe to:
Post Comments (Atom)
1 comment:
လာဖတ်သွားပါသည်။
Post a Comment