ကျွန်တော့် ဖေဖေရဲ့ အမြဲတစ်စေ ပြောတတ်တဲ့ စကားပုံလေးကို သတိရလို့ တင်ပြပါရစေ။
ဆရာ သွား၊ သွားကြေး
ဆရာ စား၊ စားကြေး
ဆရာ သေတော့၊ လေချွန်ပြန်လာ၏။ တဲ့--
ကျွန်တော်တို့ နိုင်ငံကို လက်ရှိအုပ်ချုပ်နေသူတွေ ဒီအချက်ကို သတိထားသင့်ပါတယ်။ ဖေဖေ ပြောတဲ့ လူတွေဟာ အခုချိန်မှာ အရင်တုန်းကထက်ပိုများလာပါတယ်။ ဘယ်သူဗိုလ်ချုပ်ဖြစ်ပြီဟေ့ ဆိုရင် သူ့ ပတ်ဝန်းကျင်မှာ ၀ိုင်းဝိုင်းလည် ခစားကြတော့ပါပဲ။ သူ့ ကိုသာမက သူ့ မိသားစု သူ့ အမျိုးအဆွေတွေကိုပါ မြှောက်ပင့်ပေါင်းသင်းတော့ ဒီလူဟာ အင်မတန်တော်တယ်ပေါ့။ ဆရာကျေးဇူးကို သိတယ်၊ ဆရာကို ရိုသေတယ်ပေါ့။ ဒီလို သိတတ်လို့  လုပ်ပိုင်ခွင့်တွေထုတ်ပေးလိုက်ရော။ ဟော ဆရာလည်း အလုပ်ပြုတ်ရော အဲဒီလိုလူတွေက အနားမကပ်တော့တဲ့ အပြင် နောက်ဆရာကိုသာ ပင့်မြှောက်ပါလေရော။ အဲဒီတော့ကျမှ အမှန်တွေသိပြီး ဒေါသတွေထွက်ရတာပဲ အဖတ်တင်ကျန်တာပေါ့။
နောက်လူတစ်မျိုးကတော့ အဲဒီလူတွေထက်ကို ပိုဆိုးတယ် ဆရာကို မျက်မှန်စိမ်းတပ်ပေးလိုက်တဲ့ ကြားကမွှေသူတွေပဲ။ ဆရာပြောသမျှကို ဟုတ်ကဲ့လိုက်ပြီး ဆရာခိုင်းတာထက် သူများကို ညှင်းပမ်းတဲ့နေရာမှာ ပိုလုပ်တယ်။ ညှင်းပမ်းခံရတဲ့ လူကိုတော့ ဆရာခိုင်းတဲ့ အတိုင်းလုပ်ရတယ်လို့ပြောတယ်။ အဲဒီတော့ ကျန်တဲ့လူတွေက ဆဲတော့ ဆရာ့ကိုဆဲတော့တာပေါ့။ မုန်းတော့လည်း ဆရာ့ကိုပဲမုန်းတယ်။ မုန်းလို့ပြန်ပြောရင် ဆရာ့ကို ၁၀ဆတိုးပြီးပြန်ပြောတယ်။ ဆရာက ထပ်အပြစ်ပေးခိုင်းရင် သေတဲ့အထိအပြစ်ပေးလိုက်တယ်။ အင်မတန်ကြောက်စရာ ရွံမုန်းစရာ ကောင်းတဲ့လူတွေပါ။ ဒီလိုလူတွေဟာ အာဏာရှင်စနစ်မှာ ပိုမိုများပြားကြတယ်။ အာဏာရှင်အများစုဟာ သူ့ အမိန့်ကို နာခံသူကိုကြိုက်တယ်။ သူမှားလို့ ထောက်ပြပြောဆိုရင် အာဏာဖီဆန်သူဆိုပြီး မုန်းတယ်။ ဒါကြောင့်လည်း အထက်ဖား အောက်ဖိသမားတွေအတွက် နေရာပိုရတယ်။ နောက်အဲဒီလိုလူမျိုး အများစုက အာဏာရှင်နံဘေးမှာ ၀ိုင်းထားလေ အာဏာရှင်ဟာ အမှန်ကို အမြင်နိုင်လေ ဖြစ်လာတယ်။ ဒါကြောင့်လည်း အခုချိန်မှာ ကမ္ဘာကျော် အဆဲခံပုဂ္ဂိုလ်ဟာ ဦးသန်းရွှေဖြစ်ပြီးတော့ ကြားက စားဖားများကတော့ ချမ်းချမ်းသာသာနဲ့ လူ့ စည်းစိမ်ကို အပြည့်အ၀ယူနေကြပါတော့တယ်။
Sunday, October 12, 2008
Subscribe to:
Post Comments (Atom)
3 comments:
စီဘောက် ရှာမတွေ့တော့ ဒီမှာဘဲ ကစ်လိုက်တယ်..
လာတာ ကျေးဇူးတင်တယ်..နော်...
ဆောင်းပါးလေး ကြိုက်တယ်ဗျာ။
ပို့စ်လေးတွေ တိုင်းမှာ တွေးစရာတွေ ချပြထားတာ သိပ်ကောင်းပါတယ်.။။
Post a Comment