ဒီနေ့ က အဖေ့ မွေးနေ့  ကျွန်တော်သိပ်ချစ်တဲ့ အဖေ ၃ ဦး အနက်က တစ်ဦးရဲ့ မွေးနေ့ ပါ။ တစ်ဦးကတော့ သတ္တလောကကို ကယ်တင်သွားတဲ့ အဖေ။ တစ်ယောက်ကတော့ ကျွန်တော်တို့  တိုင်းရင်းသားတွေကို ကယ်တင်ပေးခဲ့တဲ့ အဖေ။ နောက်ဆုံးတစ်ယောက်ကတော့ ကျွန်တော် မမှီလိုက်တဲ့ ရှေ့ကအဖေ နှစ်ယောက်အကြောင်းကို ကိုယ်တိုင်ကြုံတွေ့ ရသလို ခံစားရတဲ့ အထိ ပြောပြပေးခဲ့တဲ့ မွေးဖေဖေ။
ဒီနေ့  မွေးနေ့ ရှင်ဖေဖေ
ကျွန်တော် အဖေ့ကို အရမ်းလွမ်းတယ်။ အဖေနဲ့ စကားတွေ အများကြီး ပြောချင်တယ်။ အဖေဆီက အကြံဥာဏ်တွေ အတွေးအခေါ်တွေ နည်းလမ်းတွေ ရချင်တယ်။ ကျွန်တော်သိတယ် အဖေသာရှိရင် ကျွန်တော်တို့ တစ်တွေ ဒီလိုဆင်းရဲတွင်းနက်မှာ မဟုတ်ဘူး။ အဖေသာ ရှိရင် ကျွန်တော်တို့  ဘာသာဖျက်ဆီးခံရမှာ မဟုတ်ဘူး။ အဖေသာရှိရင် ကျွန်တော့် ရဲ့ အစ်ကို အစ်မ ညီ ညီမတွေကို ညှင်းပန်းနှိပ်စက်ခံရမှာ မဟုတ်ဘူး။ အဖေသာရှိရင် ကျွန်တော်တို့ ရဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်ဓါတ် ဖျက်ဆီးခံရမှာ မဟုတ်ဘူး။ အဖေသာရှိရင် သိပ်တော်တဲ့ ကျွန်တော်တို့ မိသားစုဝင်တွေ သူများနိုင်ငံမှာ ခိုကပ်နေရမှာ မဟုတ်ဘူး။ အဖေသာရှိရင် အရှက်မရှိခိုးစားနေတဲ့ လူရမ်းကားတွေကို ဘယ်လိုဆုံးမလဲ။ အဖေသာရှိရင် အတွေးအခေါ်မှားယွင်းကာ စိတ်ဝမ်းကွဲနေတဲ့ မောင်နှမတွေကို ဘယ်လို စည်းရုံးပေးမလဲ။ အဖေသာ ရှိရင် တစ်ချိန်က အာရှကျားကို အခုချိန်မှာ အာရှ ခြသေ့င်္င်္ဖြစ်စေမှာပါ။ အဖေသာရှိရင် ကျွန်တော်တို့ တစ်တွေကမ္ဘာမှာ ၀င့်ကြွားစွာနေနိုင်မှာပါ။ အဖေ့မွေးနေ့ မှာ တကယ်တော့ ပျော်စရာတွေကို ပြောပြသင့်တာပါ။ ဒါပေမဲ့ အဖေရယ် အဖေမရှိတော့တဲ့ နောက်မှာ ကျွန်တော်တို့ ဘ၀တွေ ဆိုးရွားလာလိုက်တာ အ၀ီစိထိရောက်နေပြီ အဖေ။ အားလုံးဟာ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားနဲ့ ငတေမာရင် ပြီးရောဆိုတာတွေ ဖြစ်နေပြီအဖေ။ ပြယုဒ်တစ်ခုလို ဘာသာတရားနဲ့ သီလ ၅ ပါး တစ်ပါးတောင် မမြဲကြတော့ဘူး အဖေ။ ဒီကြားထဲ ကျွန်တော်ကလည်း အရမ်းညံ့တယ် အဖေ။ ကျွန်တော်မြင်ပေမဲ့ ကျွန်တော်သိပေမဲ့ ကျွန်တော် ဘာမှ မလုပ်နိုင်ခဲ့ဘူး အဖေ။ နောက်ဆုံး ဘာသတင်းမှ မကြားရအောင် ချောင်အမှောင်မှာ တိတ်တိတ်ကလေး ခိုပြီး ငိုနေခဲ့အဖေ။ အဖေ ဘယ်မှာပဲနေနေ တစ်ခေါက်လောက်တော့ ကျွန်တော်တို့ အတွက် ပြန်လာခဲ့ပါအဖေ။ သြော် ဒီနေ့ ကျွန်တော် ၀မ်းသာစရာ တစ်ခုတော့ တွေ့ တယ်အဖေ အဲဒါကတော့လေ ဟိုးအရင်နှစ်တွေနဲ့ မတူပဲ အဖေ့ မွေးနေ့ အမှတ်တရ လက်ဆောင်များစွာကို ကျွန်တော်ရခဲ့တယ်အဖေ။ အရင်နှစ်တွေတုန်းကဆိုရင် ကျွန်တော်ရဲ့ မောင်နှမတွေက အဖေလက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုနေ့ နဲ့ အဖေမွေးနေ့ ကို ကျော်ပြီး အနောက်တိုင်းရိုးရာဖြစ်တဲ့ ချစ်သူများနေ့ ကိုပဲ တတ်ကြွစွာပြင်ဆင် အသိအမှတ်ပြုကြတယ်လေ။ ဒီနှစ်တော့ သူတို့ တော်တော်များများ အဖေ့မွေးနေ့ ကို အမှတ်တရတွေလုပ်ကြတာမှ အရမ်းကောင်းတာပဲ။ ဒီအတွက်တော့ ကျွန်တော်အရမ်းပျော်တယ်။ သူတို့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဖေရယ် အဲဒီလက်ဆောင်တွေ ကြည့်ပြီး အဖေကို အရမ်းလွမ်းတယ်။
(၉၄) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
Friday, February 13, 2009
Subscribe to:
Post Comments (Atom)
2 comments:
လိုင်းထန် လေထဲ မျောတဲ့အခါ အထီးကျန်လေတိုင်း အတွေးထဲမှာ အဖေ.
အဖေမရှိတော့တဲ့ နောက်....
အဖေ..အဖေ..အဖေ
Daddy,
I am sure you will be sighing at us from somewhere beyond our sights.
Post a Comment