Sunday, January 24, 2010

ရိုးရှင်းသော ဗုဒ္ဓ၀င် (၁)

သကျမျိုးနွယ် ခမည်းတော် သုဒ္ဓေါဒန မဟာရာဇာ နှင့် မယ်တော် မဟာမာယာဒေ၀ီတို့ မှ သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်ခဲ့ပါသည်။ သားတော်ကိုဖွားမြင်ပြီး ၇ရက်မြောက်သောနေ့ တွင် မယ်တော် မဟာမာယာဒေ၀ီ ကွယ်လွန်ခဲ့ပါသည်။ ထို့ ကြောင့် မယ်တော်ဧ။် ညီမဖြစ်သော မဟာပဇာပတိ ဂေါတမီမှ နို့ ချိုတိုက်ကျွေး မွေးမြူခဲ့ပါသည်။
မိတဆိုးလေး ဖြစ်သော သိဒ္ဓတ္ထမင်းသားအား ခမည်းတော် နှင့် မိထွေးတော် ဂေါတမီတို့ မှာ ဂရုဏာပိုကာ လောကီစည်းစိမ်ချမ်းသာကို သူတကာတို့ ထက် ထူးကဲစွာ ခံစားစေပါသည်။ အချိန်တန် အရွယ်ရောက်သောအခါ မင်းသားတို့ တတ်အပ်သော တိုင်းပြည်ကာကွယ်ရေး အုပ်ချုပ်ရေး ပညာရပ်များကို သင်ကြားခဲ့ရသည်။ ထို့ အတူ ရမ္မ၊ သုဘ၊ သုရမ္မ ဟူသော ပြာသာဒ် ၃ဆောင်တွင် နွေ၊ မိုး၊ ဆောင်း လှည့်လည်ကာ ယသော်ဓယာ အမှူးပြုသော မောင်းမပေါင်း မြောက်များစွာနှင့် အတူ သာယာညိမ့် ညောင်းလှစွာသော တူရိယာသံတို့ ကို နာခံ စံပျော်လျက်နေပါသည်။
ထိုအချိန်ကား ကာမဂုဏ်ခံစားသူတို့ သည် မီးကုန်ယမ်းကုန် တံခါးပိတ်ကာ ခံစားနေကြသည်။ လောကမှ လွတ်မြောက်ကြောင်း ရှာဖွေသူတို့ မှာလဲ ကိုယ့် ခန္ဓာကို မီးကုန်ယမ်းကုန် နှိပ်စက်ညှင်းပန်းကာ ရှာဖွေနေကြသည်။ အစွန်းနှစ်ဖက်သို့  အရှိန်ပြင်းစွာ ပြေးနေသော အချိန်ကာလပင်ဖြစ်ပါသည်။
တစ်နေ့ တွင် လောကီစည်းစိမ်ကို အစွန်းကုန် ခံစားကာ နေခွင့်ရသော သိဒ္ဓတ္ထမင်းသားသည် နုပျိုလှပခြင်းဧ။် ဆန့် ကျင်ဖက်ဖြစ်သော လူသားတိုင်း ခံစားရသည့် အိုခြင်း၊ နာခြင်း၊သေဆုံးခြင်း တို့ ကိုတွေးမိကာ စိတ်မကြည်မသာဖြစ်နေလေသည်။ ထိုအရာတို့ မှ လွတ်မြောက်ရန် အဘယ်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားမရဖြစ်နေသည်။
တစ်နေ့ ဥယျာဉ်တော်ကို အသွား လမ်းမတွင် ထူးခြားကောင်းမြတ်သော ရုပ်သွင်ကို သိဒ္ဓတ္ထ မင်းသား မြင်ခဲ့ရသည်။ ထိုပုဂ္ဂိုလ် မှာ ယာဉ်ရထားမရှိ၊ ဖိနပ်မပါ ခြေထောက်များဖြင့် လမ်းမတွင် က္ကနြေ္ဒရရ လှမ်းနေသည်။ အဖိုးထိုက် အဖိုးတန် ၀တ်စားတန်ဆာမပါပဲ ဖန်ရေဆိုးထားသော အ၀တ်တစ်စုံသာလျှင်ဝတ် လျက်ရှိသည်။ ထိုသူ ကိုင်ဆောင်ထားသော အရာမှာ စိန်ရွှေမဟုတ်ပဲ ညစ်ထေးထေး နှုပ်ခမ်းမပါသည့်  မြေအိုးတစ်လုံးသာဖြစ်သည်။ သိဒ္ဓတ္ထ မင်းသားတွေ့ ဖူးသမျှ လူသားထဲတွင် အမွဲဆုံး၊ အချာဆုံး၊ အနုတ်ဆုံး လူသားတစ်ယောက်ဖြစ်ပါသည်။ သို့ သော် ထိုအမွဲအချာ ပုဂ္ဂိုလ်သည် အပြည့်စုံဆုံး၊ အကြွယ်ဝဆုံး မဟာရာဇာဧ။် သားတော်ကို အလေးပြုခြင်း ဦးညွတ်ခြင်းမရှိချေ။ သိဒ္ဓတ္ထမင်းသားသည် ထိုပုဂ္ဂိုလ်အား ကြည့်ရင်းကြည့်ရင်းနှင့် ပြည့်စုံခြင်း မပြည့်စုံခြင်း သဘောကို နှိုင်းယှဉ်မိလာသည်။ မိမိသည် လူသာမန်တို့ စိတ်ကူးတောင် မ၀ံ့နိုင်သော စည်းစိမ်ကြီးပေါ်တွင် လိုအပ်သမျှ ဥစ္စာများ၊ ဇနီးမယား၊ မင်းလိုလိုက်မင်းကြိုက်ဆောင် အခြွေအရံများ ကြားတွင် စိတ်အလိုမကျ မပြည့်စုံမှုကြောင့် ကိုယ်ရောစိတ်ပါ ညှိုးနွမ်းခဲ့ရသည်။ ထိုနုံချာ မွဲညစ်လှသောပုဂ္ဂိုလ်မှာကား လိုအပ်ချက်မရှိ တောင့်တကြောင့်ကြမှုမပါ ပကတိတည်ကြည်သော မျက်နှာနှင့် အေးမြနေသည်ကို တွေ့ ရသည်။ ထိုသူသည် မည်သို့ သော ပုဂ္ဂိုလ်ပါလဲ ဟုမေးဆန်းရာ ထိုပုဂ္ဂိုလ်မှာ ရဟန်းဖြစ်ပြီး ထိုသူပိုင်ဆိုင်သမျှသည်လဲ ကိုယ်နှင့် မကွာအတူပါလာသော ပရိက္ခရာများပင်ဖြစ်ပါသည်။ ထို့ ကြောင့် ထိုပုဂ္ဂိုလ်သည် ကမ္ဘာမြေပေါ်တွင် မတောင့်မတ မကြောင့်မကြပဲ လွတ်လပ်စွာ သွားလာနိုင်သူဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထိုရဟန်းကဲ့သို့ အေးချမ်းတည်ကြည်မှုကို ရရှိစေရန် လောကဧ။်လွတ်မြောက်ရာကို ကျင့်ဆောင်ရန် စိတ်ပိုင်းဖြစ်လိုက်သည်။ ထိုနေ့ တွင်ပင် သားတော်လေးဖွားမြင်ခဲ့လေသည်။ လောကဧ။် လွတ်မြောက်ရာကို တွေ့ မြင်ကာ ၀မ်းသာနေသော သိဒ္ဓတ္ထမင်းသားသည် သားတော်လေးဖွားမြင်ခြင်း သတင်းကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ ဥယျာဉ်တော်ထဲတွင် လူးလားခေါက်ပြန်လျှောက်ကာ မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင် လူသားအားလုံးအတွက် မအိုမနာမသေ နည်းလမ်းကို ရှာရန်အတွက် မိမိပိုင်ဆိုင်သမျှအရာအရာအားလုံးကို စွန့် ကာ တရားမှန်ရှာရန် တောထွက် ရဟန်းပြုလေသည်။


(၀ဏ္ဏသီရိရေးသားသော ညီတော်အာနန္ဒာဧ။် တစ်သက်တာမှတ်တမ်းကို မှီငြမ်းပါသည်)

No comments: