Tuesday, January 26, 2010

messenger နှင့် ဆွေးနွေးခြင်း

(၂) ဖြစ်နိုင်လား

မြတ်စွာဘု၇ားရဲ့ အရိုးကွင်းဆက်အကြောင်းကို ရေးထားတာတွေ့ ရတယ်။ ဒါကတော့ ကဋကထာက ချဲ့ရေးတာကို သင်က ပြန်ေ၇းပြတာပါ။ ဒါဆိုရင်တော့ ကျွန်တော်တစ်ခုပဲ ပြန်မေးပါမယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ ယေရှုရဲ့ ရုပ်ခန္ဓာကို ကိုးကွယ်တာလား။ ယေရှုရဲ့ တရားကို ကိုးကွယ်တာလား။ အစ်စလာမ်ဘာသာဝင်တွေကရေ အလာရှင်မြတ်ရဲ့ ရုပ်ခန္ဓာကို ကိုးကွယ်တာလား။ တရားကို ကိုးကွယ်တာလား။ ဘာသာတိုင်းက တရားကို ယုံလို့ တရားဟောသူကို ကိုးကွယ်တာပါ။
ရုပ်ထုကိုးကွယ်မှု ကို အပြစ်မြင်နေတယ်။ ဒါကတော့ ရှင်းပါတယ်။ ခရစ်ယာန်လည်း ဘုရာကျောင်းရယ်ဆိုပြီးတော့ ဘာသာရေးနယ်မြေကို လုပ်တာပဲ။ မွတ်စလင်လဲ ဘလီဆိုပြီးလုပ်တာပါပဲ။ ဗုဒ္ဓဘာသာက ရုပ်ထုလေးအိမ်မှာထားတယ်။ ခရစ်ယာန်က လက်ဝါးကပ်တိုင်လေး အိမ်မှာထားတယ်။ မွတ်စလင်က ဘု၇ားစာပါတဲ့ မှန်ဘောင်လေးတွေအိမ်မှာထားတယ်။ ဗုဒ္ဓဘာသာက စိတ်ပုတီးလေးချိတ်တယ်။ ခရစ်ယာန်က လက်ဝါးကပ်တိုင်လေးဆွဲတယ်။ မွတ်စလင်က ဦးထုတ်ကလေးဆောင်းတယ်။ ဒါတွေကတော့ လူသားတိုင်းရဲ့ ဘာသာရေး ကိုးကွယ်မှုရဲ့ အမှတ်အသားတွေပါ။ ကိုယ့်ဘာသာကို ကိုယ့်အမှတ်အသားနဲ့ ပြုလုပ်တာကို အပြစ်ပြောစရာမရှိပါဘူး။ သူများကို ထိခိုက်တာမှ မဟုတ်တာပဲ။


(၃) လေတွေ နဲနဲလျော့

မြတ်စွာဘုရားကျင့်ခဲ့တဲ့ ရှေးဘ၀ကို တော့ ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဟာ ခင်ဗျားယုံကြည်သလိုပါပဲ ဟတ်ချလောင်းဆိုပြီး နိဗာန်သွားရာလမ်းကို ရှာတွေ့ ခဲ့သူ မဟုတ်ပါဘူး။ သူဟာ လူသားစင်စစ်ဖြစ်တဲ့ အတွက် ၆နှစ်တိုင်တိုင် တရားကို ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ ဒါတောင်မှ အဲလိုကျင့်တဲ့ တရားဟာ တရားစစ်မဟုတ်သေးပါဘူး။ ကျင့်ခဲ့သမျှကို နောက်ဆုံးပြန်လည်ဝေဖန်ပြီးမှ အလယ်အလတ်လမ်းစဉ်ဆိုတဲ့ မဇ္ဈိမပဋိပဒါကို တွေ့ ရှိခဲ့တာပါ။

(၄) ရောဂါသည်လေး ဂေါတမ

ဗုဒ္ဓက လူသားစင်စစ်လေ။ အခုခေတ်သိပ္ပံနည်းနဲ့ ကြည့်လည်း လူသားခန္ဓာဆိုမှတော့ အနာရှိရင် ခံရမှာပေါ့။ ဆေးကုရမှာပေါ့။ ဗုဒ္ဓက ဟတ်ချလောင်းတွေ မလုပ်ဘူးလေ။ ဟိုးနှစ်ပေါင်း ၂၅၀၀ကျော်ကတည်းက အခုအချိန်ထိ ဘယ်လူသားကိုမှ မညာဘူးလေ။ ငါက ဘာတွေကို ဟတ်ချလောင်းလုပ်ထားတာ။ ငါ့ကို ကိုးကွယ်ရင် မင်းကို ဟတ်ချလောင်းနဲ့ ဟတ်ချလောင်းဖြစ်အောင်လုပ်ပေးမယ်လို့ လဲ မဟောခဲ့ဘူးနော်။ ဗုဒ္ဓပြောတာရှင်းရှင်းလေးပါ။ ငါကွာ လူ့ စည်းစိမ်ကိုလည်း မီးကုန်ယမ်းကုန်ခံစားပြီးပြီ။ တရားကျင့်စဉ်တွေလည်း သေလုမျောပါးကျင့်ပြီးပြီ ဒါတွေက တကယ်တော့ အစွန်းတွေပဲ ဒီလို အစွန်းမရောက်ပဲနဲ့ ထာဝရအေးချမ်းစွာနေတဲ့ လမ်းစဉ်ကို ငါရှာတွေ့ ပြီ မင်းတို့ သုံးကြည့်ပါ။ ငါပြောတာ ဟုတ်မဟုတ် သေချာလေ့လာကြည့်ပါ။ လုပ်ကြည့်ပါ။ ဟုတ်မှယုံပါ။ လို့ ဟောခဲ့တာပါ။

messenger နှင့် ဆွေးနွေးခြင်း

messengerforbuddhist.blogspot.com ပိုင်ရှင် ရေးသားထားသော အကြောင်းအရာများကို ပြန်လည် ဆွေးနွေးခြင်းဖြစ်ပါတယ်။

(၁) ကြီးလိုက်ကြီးလားဟ ခေါင်းစဉ်
သူအဓိက ပြောချင်တာကတော့ မြတ်စွာဘုရားရဲ့ လူမျိုး၊ အရပ်အမောင်း၊ အမျိုးသမီးဦးရေ၊ နိဗာန်၊ ငရဲတို့ အကြောင်းဖြစ်ပါတယ်။
မြတ်စွာဘုရားဟာ အိန္ဒိယနွယ် ဘုရင်မျိုးဆက်မှ ဖွားမြင်ခဲ့ပါတယ်။
မြတ်စွာဘုရားဟာ လူသားစင်စစ်ဖြစ်တဲ့အတွက် အဲဒီခေတ် အဲဒီအခါက လူတွေရဲ့ ပုံစံအတွင်းမှာပဲရှိမှာပါ။ တစ်ခုပဲကွာတာပါ။ အဲဒါကတော့ ကျက်သရေရှိတဲ့ ရုပ်လက္ခဏာပါ။ ဒါကတော့ အခုခေတ်မှာလဲ လူအမျိုးအစားချင်းတူပေမဲ့။ ကျက်သရေမဲ့တဲ့ရုပ်ရည်နဲ့ ကျက်သရေရှိတဲ့ ရုပ်ရည်ဟာ အင်မတန်မှ ကွာပါတယ်။
မြတ်စွာဘုရားဟာ သိဒ္ဓတ္ထမင်းသား ဘ၀မှာတုန်းက ယသော်ဓရာ အမှူးရှိသော မောင်းမမိသံများစွာနဲ့ နွေ၊မိုး၊ဆောင်း ရာသီများအလိုက် ဆောက်လုပ်ထားတဲ့ နန်းဆောင်များမှာ သာယာနာပျော်ဖွယ် တေးသံများနဲ့အတူ လူတကာထက် သာလွန်သော မင်းစည်းစိမ်ကို ခံစားခဲ့ပါတယ်။
နိဗာန်ဆိုတာ ဒုက္ခချုပ်ငြိမ်းရာပါ။ အသင် အခုချက်ချင်း အနိစ္စကို သိလို့  ဒုက္ခကို မုန်းပြီး မဂ္ဂင်ကိုကျင့်ရင် ဘာဝနာကိုပွားရင် အခု သင်ထိုင်နေလျှင်လည်း ထိုင်နေသလို၊ ရပ်နေရင်လည်း ရပ်နေရင်းက နိဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။
ငရဲဆိုတာ သောကပရိဒေ၀၊ ဒေါမနသ၊အလိုမပြည့်၊ စိတ်ဒုက္ခ၊ ရုပ်ဒုက္ခခံစားနေရတာပါ။ စိတ်ငရဲကတော့ သင်အခုထိုင်နေရင်း ရပ်နေရင်းကနေ သင်စိတ်ကို ဖြူအောင်မထားနိုင်ရင် စိတ်သောကတွေကြောင့် ငရဲရောက်နေတာပါ။ နောက် ခန္တာဒုက္ခတွေ့ ချိန်မှာတော့ စိတ်ကောရုပ်ပါ ငရဲကျနေပါတယ်။ တစ်ခါတစ်လေမှာတော့ ခန္တာဒုက္ခတွေ့ ပေမဲ့ စိတ်က နိဗာန်ရောက်နေလို့ ရပါတယ်။ ရှေးဇာတ်နိပါတ်တော်တွေထဲမှာ ကျားကိုက်ခံနေရတဲ့ ရဟန်းဟာ အနိစ္စကို အာရုံပြုထားလို့ ကျားကိုက်ခြင်းအနာကို မခံစားရပဲ။ နိဗာန်ဝင်စားရင် ပျံလွန်တော်မူတယ်လို့ ဆိုထားပါတယ်။ တကယ်အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ရဲ့ ခံယူမှုပါပဲ။ ဒါကို သိပ္ပံခေတ်မှာလည်း တွေ့ နိုင်ပါတယ်။ တစ်ချို့ ရောဂါတူ လူနာတိုင်းက ရောဂါကို တုံ့ ပြန်ပုံ မတူပါဘူး။ တကယ် တရားရှိတဲ့လူက သေမှာကို မကြောက်ဘူး။ ရောဂါကြီး မဆိုထားနဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိသူနဲ့ မရှိသူ ကိုက ကွာသေးတာပဲ။ ဒီကမ္ဘာမှာ ငါဆိုတာမရှိဘူး။ ငါ့ကိုယ်ငါသာ ပိုင်လျှင်၊ ဒါမှ မဟုတ် ငါ့ကို တစ်ဦး တစ်ယောက်ကသာ ပြုလုပ်စီမံခဲ့ရင် ငါမလိုချင်တဲ့ အရာတွေ ဘယ်ဖြစ်လာမလဲ။ စိတ်ထားကောင်းတဲ့ ငါ့ဆရာသည်လည်း ငါ့ကို ဒုက္ခဖြစ်အောင် ပြုလုပ်စီမံပါ့မလား။ (သင့်ကြောင့် သင့်ဆရာ အကျပ်မရိုက်ပါစေနဲ့)

Sunday, January 24, 2010

ရိုးရှင်းသော တရား

ဘုရားရှင်သည် တရားမှန်အား မည်သူ့ ကို ဟောရပါမည်လဲဟု စဉ်းစားရာတွင် ငါဟောသောတရားကို လျင်မြန်စွာ သိနိုင်သော ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ကို ဟောကြားရန် စဉ်းစားမိ၍ ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ ကြွလာခဲ့သည်။ ပဉ္စ၀ဂ္ဂီ ငါးဦး ထံသို့ ရောက်သောအခါ ဘုရားရှင်သည် ငါသည် ဟုတ်တိုင်းမှန်စွာ ဘုရားရှင်အဖြစ်သို့ ရောက်ကြောင်းပြောလျှင် ပဉ္စ၀ဂ္ဂီ ငါးဦးတို့ သည် ဒုက္ကရစရိယာ အကျင့်ကျင့်စဉ်ကပင် တရားထူးကို မရခဲ့သော သူသည် ရပ်တကာ ရွာတကာလှည့်လည်နေကာမှ ဘယ်မှာရနိုင်လိမ့်မည်နည်းဟု ဆိုကာ တရားနာရန် ငြင်းဆန်ကြသည်။ ဘုရားရှင်က အသင်တို့ ထင်သည့်အတိုင်း မဟုတ်ကြောင်းရှင်းကာ ဒုတိယအကြိမ်၊ တတိယ အကြိမ် ထပ်မံခေါ်ကာ ရှင်းပြရလေသည်။ နောက်ဆုံးတွင် ဘုရားရှင်က ရဟန်းတို့ ငါသည် အဘယ်တုန်းကများ သင်တို့ ကို ဤသို့ သောစကားမျိုး ပြောဘူးပါသလော ဟုမေးရာ မပြောဘူးကြောင်းကို ဖြေကြားကာ ဘုရားရှင်၏ တရားကို နာကြားကြလေသည်။


ထိုအချိန်ကာလက ကာမဂုဏ်အာရုံကို မှီဝဲသူတို့ သည်လည်း ယမ်းကုန်မီးကုန်ပျော်ပါးနေ၍၊ တရားရှာသူတို့ သည်လည်း မိမိ၏ခန္ဓာကို မီးကုန်ယမ်းကုန် နှိပ်စက်ညှင်းပန်းကာ ရှာနေချိန်ဖြစ်သည်။


ထို့ ကြောင့် ဘုရားရှင်သည် ပထမဦးစွာ ထိုအစွန်းနှစ်ဖက်ဖြစ်သော အယုတ်တရားကို မကျင့်ရန်ပြောလေသည်။ ထိုတရားနှစ်ပါးသည် ဘုရားရှင်ကိုယ်တိုင် တွေ့ ကြုံခဲ့သော အယုတ်တရား ၂ ပါးလည်းဖြစ်ပေသည်။ ဘုရားရှင်သည် ထို ၂ပါးတို့ မှ လွတ်သော အလယ်အလတ်လမ်းစဉ် မဇ္ဈိမ ပဍိပဒါအကျင့် ကိုထိုးထွင်း သိမြင်ခဲ့သည်။ ထိုလမ်းစဉ်သည်ကား ----------------------

(၁) သမ္မာဒိဌိ ကောင်းစွာအယူကို ယူခြင်း (ရာဂ၊ ဒေါသ၊ မောဟ ဖြစ်စရာ မကောင်းသောအယူကို မယူခြင်း)

(၂) သမ္မာသင်္ကပ္ပ ကောင်းစွာကြံစည်ခြင်း (ရာဂ၊ ဒေါသ၊ မောဟ ဖြစ်စရာ မကောင်းသော အကြံကို မကြံခြင်း)

(၃) သမ္မာဝါစာ ကောင်းစွာပြောဆိုခြင်း (မကောင်းသောစကား ပြောဆိုခြင်းမှ ရှောင်ခြင်း)

(၄) သမ္မာကမ္မ န္တ ကောင်းစွာပြုလုပ်ခြင်း (မကောင်းသော အပြုအမူကို ရှောင်ခြင်း)

(၅) သမ္မာအာဇီဝ ကောင်းစွာအသက်မွေးခြင်း (မကောင်းသော အရာပြုလုပ်၍ အသက်မွေးခြင်းမှ ရှောင်ခြင်း)

(၆) သမ္မာဝါယာမ ကောင်းစွာအားထုတ်ခြင်း( မဆုတ်မနစ် အားသစ်စိုက်ထုတ်ခြင်း)

(၇)သမ္မာသတိ ကောင်းစွာအောက်မေ့ခြင်း (မမေ့မလျော့ တရားသဘောသက်ဝင်ခြင်း)

(၈) သမ္မာသမာဓိ ကောင်းစွာတည်ကြည်ခြင်း (တရားအသိအမြင် တည်ကြည်ခိုင်ခံ့ခြင်း)



ဤရှစ်ပါးကို သီလ၊ သမာဓိ၊ ပညာ ဟူ၍ သုံးပါးဖြင့် ပြဆိုလျှင်

ကောင်းစွာ ပြောဆိုခြင်း၊ ကောင်းစွာပြုလုပ်ခြင်း နှင့် ကောင်းစွာ အသက်မွေးခြင်းသည် သီလမဂ္ဂင်ဖြစ်သည်။

ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း နှင့် ကောင်းစွာ တည်ကြည်ခြင်းသည် သမာဓိမဂ္ဂင်။

ကောင်းစွာ အယူ ယူခြင်းနှင့် ကောင်းစွာ ကြံခြင်းသည် ပညာမဂ္ဂင်ဖြစ်သည်။ `

ဤမဂ္ဂင်အကျင့်ကို ကျင့်ခြင်းအားဖြင့် ဒုက္ခချုပ်ရာအမှန် နိရောဓသစ္စာဟုခေါ်သော နိဗာန်ကို ရပေလိမ့်မည်။

နိရောဓသစ္စာသည် အထင်အရှားရှိနေပါလျက် အမှန်အတိုင်း မမြင်တွေ့ နိုင်ခြင်းမှာ ဒုက္ခကို ဒုက္ခဟူ၍ မသိခြင်းကြောင့် ဖြစ်ပေသည်။ ထို့ ကြောင့် ဒုက္ခသစ္စာ ဆိုသည်မှာ အိုခြင်း ဆင်းရဲ၊ နာခြင်း ဆင်းရဲ၊ အသစ်တစ်ဖန် ပေါ်ခြင်း ဆင်းရဲ၊ မချစ်ခင် မနှစ်သက်သော သက်ရှိ သက်မဲ့ သင်္ခါရ တို့ နှင့် ပေါင်းရခြင်း ဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော သက်ရှိသက်မဲ့ သင်္ခါရတို့ နှင့် ကွေကွင်းရသောဆင်းရဲ၊ တောင့်တတိုင်း လိုချင်တိုင်း မရခြင်း မပြည့်စုံခြင်း ဆင်းရဲ၊ တို့ ဖြစ်ပေသည်။ ထိုဒုက္ခကို ဖြစ်စေသော အကြောင်းတရားကို သမုဒယသစ္စာဟု ခေါ်လေသည်။

သမုဒယသစ္စာ ဆိုသည်မှာ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွဖြစ်သော ကာမဂုဏ်တို့ ၌ ခုံမင်တတ်သော တဏှာဖြစ်သည်။

ကာမ တဏှာ အဆင်း၊ အသံ၊ အတွေ့ ၊အရသာ စသော ပြင်ပအာရုံကို ခင်တွယ်သောစိတ်

ဘ၀ တဏှာ ဘ၀သည် ထာဝရတည်မြဲနေသည်ဟု စွဲလန်းခြင်း တဏှာ

ဝိဘ၀ တဏှာ သေလျှင် ဘာမှမရှိ အားလုံးပြတ်သည်ဟု ယူဆစွဲနေသော တဏှာ



အချုပ်အားဖြင့် ဆိုရလျှင် စွဲလန်းတဏှာများကြောင့် ဒုက္ခများစွာ ပေါ်ပေါက်နေသဖြင့် ၎င်း ဒုက္ခငြိမ်းစေရန် မဂ္ဂင်တည်းဟူသော လမ်းစဉ်ကို ကျင့်ကာ ဒုက္ခအပေါင်းမှ ငြိမ်းစေသော နိရောဓသစ္စာမည်သော နိဗာန်ကိုရနိုင်သည်။

ဒုက္ခကို သိကာ သမုဒယကို စွန့် ပယ်၍ နိရောဓကို မျက်မှောက်ပြုရန် မဂ္ဂသစ္စာကို ပွားများရပေမည် ဟု ဘုရားရှင်မှ ဆုံးမဟောကြားခဲ့လေသည်။





(၀ဏ္ဏသီရိရေးသားသော ညီတော်အာနန္ဒာ၏ တသက်တာမှတ်တမ်းကို မှီငြမ်းပါသည်)

ရိုးရှင်းသော ဗုဒ္ဓ၀င် ( ၂ )

လူ့ ဘောင်ကို စွန့် ခွာလာသော ဂေါတမရဟန်းသည် ပထမဦးစွာ အာဠာရ ကာလာမထံ ချဉ်းကပ်ကာ တရားလမ်းစဉ်များကို လေ့ကျင့်ခဲ့သည်။ အာဠာရကာလာမဧ။် အထွတ်မြတ်ဆုံးတရားသည် အကိဉ္စညာယတနဈာန်ဖြစ်သော အရူပဈာန် လေးပါးမှ တတိယဈာန်ဖြစ်ဧ။်။ ထိုဈာန်တရားသည် ဒုက္ခအားလုံးတို့ ဧ။်ချုပ်ငြိမ်းရာ နိဗာန်တရား မဟုတ်သေးသဖြင့် အာဠာရကာလာမ ထံမှထွက်ခွာခဲ့သည်။

ထို့ နောက် ဥဒကရာမပုတ္တနှင့် တွေ့ ကာ နေ၀သညာ နာသညာယတနဈာန်ကို ရခဲ့ပြန်သည်။ ထိုဈာန်သည်လည်း ချုပ်ငြိမ်းရာအမှန် နိဗာန်တရားမဟုတ်သဖြင့် ဥဒကရာမပုတ္တထံမှ ထွက်ခွာခဲ့ပြန်သည်။

ဟိုမှသည်မှ တရားရှာရလိမ့်နိုးနိုးဖြင့် မဂဓတိုင်းတစ်ခွင် လှည့်လည်ခဲ့နေရာမှ နောက်ဆုံးတွင် ဥရုဝေလတောအုပ်သို့ ဆိုက်ရောက်လာဧ။်။ ထိုအရပ်ဒေသသည် မြေအနေအထားကောင်းကာ တောအုပ်ကလည်း တင့်တောင်းတင့်တယ်ရှိ၏။ မြစ်ငယ်တွင် ရေသည် သန့် ရှင်းကြည်လင်၏။ ပတ်ဝန်းကျင်တစ်ဝိုက်တွင်လည်း ဆွမ်းခံရွာများရှိခြင်းကြောင့် သည်နေရာကား တရားအားထုတ်ရန် အကောင်းဆုံးဟု သတ်မှတ်ရွေးချယ်ခဲ့သည်။ ထိုနေရာတွင် ကိုယ်နှင့် စိတ်အတွင်းမှ အကုသိုလ်စိတ်များကို ခွာချရန်အတွက် အပြင်းအထန်ကြိုးစားအားထုတ်ခဲ့သည်။ အစားအစာကို လျှော့စားကာ ထိုင်ရာမထကျင့်သောကြောင့် နောက်ဆုံးတွင် အရိုးပေါ်အရေတင် သေလုမျောပါး ဝေဒနာကို ခံစားခဲ့ရသည်။ လမ်းစဉ်အမှားအား ၆နှစ်တိုင်တိုင် ကျင့်ခဲ့သောကြောင့် သေလုမျောပါး ဝေဒနာကို ရရှိလာရ၏။ ဤလမ်းစဉ်ကို ဆက်၍ကျင့်ဆောင်နေပါလျင် သေပွဲဝင်ရုံသာ ရှိမည်ကို ဆင်ခြင်မိသော ဂေါတမရဟန်းသည် ထိုလမ်းစဉ်ကျင့်မှုကို ရပ်တန့် ကာ မိမိကျင့်လာခဲ့သော တရားများကို ပြန်လည် ဝေဖန်ဆန်းစစ်ခဲ့သည်။ ထိုနောက် အစားအစာတို့ ကို ပြန်လည်စားသောက်ကာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ ကို ၀င်စားခဲ့သည်။ ထို့ နောက် ပထမယံတွင် ပုဗ်ဗေနိဝါသဥာဏ် (ဘ၀များစွာ ကျင်လည်ခဲ့သမျှကို ပြန်လည်အောင့်မေ့နိုင်သောဥာဏ်) ။ မဇ္ဈိမယံတွင် ဒိဗ်ဗစက္ခုဥာဏ် (သတ္တ၀ါအနန္တတို့  ထိုထိုဘ၀များသို့  ကံအားလျော်စွာ လားရရောက်ရပုံကို သိမြင်သောဥာဏ်) ။ ဤလောကီဈာန်များကို အခြေပြုကာ ဂေါတမရဟန်းသည် ဒုက္ခကို သိလာခဲ့သည်။ ဒုက္ခဖြစ်စေသော အကြောင်းကို သိလာခဲ့သည်။ ဒုက္ခချုပ်ရာ နေရာကို သိလာခဲ့သည်။ ဒုက္ခချုပ်ရာသို့ သွားသော လမ်းကြောင်းကို သိလာခဲ့သည်။ ဤသို့ သိရှိလာသောကြောင့် လွတ်မြောက်ရာအမှန်တရားကို သိရှိကာ အတုမရှိဘုရားရှင် အဖြစ်ရောက်ရှိလာခဲ့ပါသည်။





(၀ဏ္ဏသီရိရေးသားသော ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကို မှီငြမ်းပါသည်။)

ရိုးရှင်းသော ဗုဒ္ဓ၀င် (၁)

သကျမျိုးနွယ် ခမည်းတော် သုဒ္ဓေါဒန မဟာရာဇာ နှင့် မယ်တော် မဟာမာယာဒေ၀ီတို့ မှ သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်ခဲ့ပါသည်။ သားတော်ကိုဖွားမြင်ပြီး ၇ရက်မြောက်သောနေ့ တွင် မယ်တော် မဟာမာယာဒေ၀ီ ကွယ်လွန်ခဲ့ပါသည်။ ထို့ ကြောင့် မယ်တော်ဧ။် ညီမဖြစ်သော မဟာပဇာပတိ ဂေါတမီမှ နို့ ချိုတိုက်ကျွေး မွေးမြူခဲ့ပါသည်။
မိတဆိုးလေး ဖြစ်သော သိဒ္ဓတ္ထမင်းသားအား ခမည်းတော် နှင့် မိထွေးတော် ဂေါတမီတို့ မှာ ဂရုဏာပိုကာ လောကီစည်းစိမ်ချမ်းသာကို သူတကာတို့ ထက် ထူးကဲစွာ ခံစားစေပါသည်။ အချိန်တန် အရွယ်ရောက်သောအခါ မင်းသားတို့ တတ်အပ်သော တိုင်းပြည်ကာကွယ်ရေး အုပ်ချုပ်ရေး ပညာရပ်များကို သင်ကြားခဲ့ရသည်။ ထို့ အတူ ရမ္မ၊ သုဘ၊ သုရမ္မ ဟူသော ပြာသာဒ် ၃ဆောင်တွင် နွေ၊ မိုး၊ ဆောင်း လှည့်လည်ကာ ယသော်ဓယာ အမှူးပြုသော မောင်းမပေါင်း မြောက်များစွာနှင့် အတူ သာယာညိမ့် ညောင်းလှစွာသော တူရိယာသံတို့ ကို နာခံ စံပျော်လျက်နေပါသည်။
ထိုအချိန်ကား ကာမဂုဏ်ခံစားသူတို့ သည် မီးကုန်ယမ်းကုန် တံခါးပိတ်ကာ ခံစားနေကြသည်။ လောကမှ လွတ်မြောက်ကြောင်း ရှာဖွေသူတို့ မှာလဲ ကိုယ့် ခန္ဓာကို မီးကုန်ယမ်းကုန် နှိပ်စက်ညှင်းပန်းကာ ရှာဖွေနေကြသည်။ အစွန်းနှစ်ဖက်သို့  အရှိန်ပြင်းစွာ ပြေးနေသော အချိန်ကာလပင်ဖြစ်ပါသည်။
တစ်နေ့ တွင် လောကီစည်းစိမ်ကို အစွန်းကုန် ခံစားကာ နေခွင့်ရသော သိဒ္ဓတ္ထမင်းသားသည် နုပျိုလှပခြင်းဧ။် ဆန့် ကျင်ဖက်ဖြစ်သော လူသားတိုင်း ခံစားရသည့် အိုခြင်း၊ နာခြင်း၊သေဆုံးခြင်း တို့ ကိုတွေးမိကာ စိတ်မကြည်မသာဖြစ်နေလေသည်။ ထိုအရာတို့ မှ လွတ်မြောက်ရန် အဘယ်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားမရဖြစ်နေသည်။
တစ်နေ့ ဥယျာဉ်တော်ကို အသွား လမ်းမတွင် ထူးခြားကောင်းမြတ်သော ရုပ်သွင်ကို သိဒ္ဓတ္ထ မင်းသား မြင်ခဲ့ရသည်။ ထိုပုဂ္ဂိုလ် မှာ ယာဉ်ရထားမရှိ၊ ဖိနပ်မပါ ခြေထောက်များဖြင့် လမ်းမတွင် က္ကနြေ္ဒရရ လှမ်းနေသည်။ အဖိုးထိုက် အဖိုးတန် ၀တ်စားတန်ဆာမပါပဲ ဖန်ရေဆိုးထားသော အ၀တ်တစ်စုံသာလျှင်ဝတ် လျက်ရှိသည်။ ထိုသူ ကိုင်ဆောင်ထားသော အရာမှာ စိန်ရွှေမဟုတ်ပဲ ညစ်ထေးထေး နှုပ်ခမ်းမပါသည့်  မြေအိုးတစ်လုံးသာဖြစ်သည်။ သိဒ္ဓတ္ထ မင်းသားတွေ့ ဖူးသမျှ လူသားထဲတွင် အမွဲဆုံး၊ အချာဆုံး၊ အနုတ်ဆုံး လူသားတစ်ယောက်ဖြစ်ပါသည်။ သို့ သော် ထိုအမွဲအချာ ပုဂ္ဂိုလ်သည် အပြည့်စုံဆုံး၊ အကြွယ်ဝဆုံး မဟာရာဇာဧ။် သားတော်ကို အလေးပြုခြင်း ဦးညွတ်ခြင်းမရှိချေ။ သိဒ္ဓတ္ထမင်းသားသည် ထိုပုဂ္ဂိုလ်အား ကြည့်ရင်းကြည့်ရင်းနှင့် ပြည့်စုံခြင်း မပြည့်စုံခြင်း သဘောကို နှိုင်းယှဉ်မိလာသည်။ မိမိသည် လူသာမန်တို့ စိတ်ကူးတောင် မ၀ံ့နိုင်သော စည်းစိမ်ကြီးပေါ်တွင် လိုအပ်သမျှ ဥစ္စာများ၊ ဇနီးမယား၊ မင်းလိုလိုက်မင်းကြိုက်ဆောင် အခြွေအရံများ ကြားတွင် စိတ်အလိုမကျ မပြည့်စုံမှုကြောင့် ကိုယ်ရောစိတ်ပါ ညှိုးနွမ်းခဲ့ရသည်။ ထိုနုံချာ မွဲညစ်လှသောပုဂ္ဂိုလ်မှာကား လိုအပ်ချက်မရှိ တောင့်တကြောင့်ကြမှုမပါ ပကတိတည်ကြည်သော မျက်နှာနှင့် အေးမြနေသည်ကို တွေ့ ရသည်။ ထိုသူသည် မည်သို့ သော ပုဂ္ဂိုလ်ပါလဲ ဟုမေးဆန်းရာ ထိုပုဂ္ဂိုလ်မှာ ရဟန်းဖြစ်ပြီး ထိုသူပိုင်ဆိုင်သမျှသည်လဲ ကိုယ်နှင့် မကွာအတူပါလာသော ပရိက္ခရာများပင်ဖြစ်ပါသည်။ ထို့ ကြောင့် ထိုပုဂ္ဂိုလ်သည် ကမ္ဘာမြေပေါ်တွင် မတောင့်မတ မကြောင့်မကြပဲ လွတ်လပ်စွာ သွားလာနိုင်သူဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထိုရဟန်းကဲ့သို့ အေးချမ်းတည်ကြည်မှုကို ရရှိစေရန် လောကဧ။်လွတ်မြောက်ရာကို ကျင့်ဆောင်ရန် စိတ်ပိုင်းဖြစ်လိုက်သည်။ ထိုနေ့ တွင်ပင် သားတော်လေးဖွားမြင်ခဲ့လေသည်။ လောကဧ။် လွတ်မြောက်ရာကို တွေ့ မြင်ကာ ၀မ်းသာနေသော သိဒ္ဓတ္ထမင်းသားသည် သားတော်လေးဖွားမြင်ခြင်း သတင်းကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ ဥယျာဉ်တော်ထဲတွင် လူးလားခေါက်ပြန်လျှောက်ကာ မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင် လူသားအားလုံးအတွက် မအိုမနာမသေ နည်းလမ်းကို ရှာရန်အတွက် မိမိပိုင်ဆိုင်သမျှအရာအရာအားလုံးကို စွန့် ကာ တရားမှန်ရှာရန် တောထွက် ရဟန်းပြုလေသည်။


(၀ဏ္ဏသီရိရေးသားသော ညီတော်အာနန္ဒာဧ။် တစ်သက်တာမှတ်တမ်းကို မှီငြမ်းပါသည်)